စိတ်ဓာတ်ခွန်အားဖြစ်စေသော စကားစုများ (၉)
အလုပ်တခုခုကို ဇွဲရှိရှိ မလုပ်နိုင်သရွေ့ အောင်မြင်မှုဆိုတာ ရမလာနိုင်။
ခြေလှမ်းလွှဲခါနီးတွင် လက်ညှိုးထိုးပြီးသားဖြစ်၍ ကောင်းတာလုပ်ရင် ခေါင်းလွှဲထားတာ ပတ်ဝန်းကျင်ပါ။
ကတိသစ္စာမရှိသောသူကို အနာဂါတ်မှာ အထီးကျန်ခြင်းက ဆီးကြိုနေတယ်။
အခက်အခဲကို လွယ်လွယ်နှင့် အလျော့ပေးသူသည် အောင်မြင်မှုနှင့် ဝေးတတ်သည်။
မဖြစ်နိုင်ဘူးဆိုတာ ဖြစ်အောင်မလုပ်နိုင်တဲ့သူတွေအတွက် စကားတခွန်းပဲ။
မတောင်းဘဲနဲ့ပြည့်တဲ့ဆုကတော့ 'ဒုက္ခနဲ့တွေ့ကြုံရပါစေ' ဆိုတဲ့ဆုပဲ။
ကျောက်တုံးကျောက်ခဲကြားမှာ စီးတဲ့ရေဟာ ပိုကြည်လင်တယ်။
အပျော်အပါးဆိုတာ မတည်ဆောက်ရသေးတဲ့ ကိုယ့်ရဲ့အနာဂါတ်ကို ကြိုတင်ဖျက်စီးပစ်သူတွေပဲ။
ကြိုးစားပြီးဖြစ်မလာတာ ကျေနပ်စရာပါ၊ ကြိုးစားအားထုတ်မှုမရှိရင် လောကမှာ မည်သည့်အရာမှ ဖြစ်လာမှာ မဟုတ်ဘူး။
လောကကြီးဟာ ဒုက္ခတွေနဲ့ ပါဝင်ဖွဲ့စီးထားတာမို့ ဒုက္ခကြုံရတိုင်း စိတ်ဓာတ်မကျနှင့်။
<< နောက်သို့ ဆက်ရန် >>
No comments:
Post a Comment