စိတ်ဓာတ်ခွန်အားဖြစ်စေသော စကားစုများ (၄)
ဝါးပင်ဟာမြင့်လေလေ ကိုင်းညွတ်လေလေဖြစ်လို့ ဝါးပင်လိုသာ ကျင့်နိုင်ရင် တနေ့မုချအောင်မြင်မှာပါ။
ဝိုးတဝါးသာမြင်နေရတဲ့ အနာဂါတ်ကိုသာ မျှော်လင့်နေမယ်ဆိုရင် လက်ရှိပစ္စုပ္ပာန်ရဲ့ ဆုံးရှုံးမှုကို ရင်ဆိုင်ရလိမ့်မယ်။
တွေဝေငေးမောနေခြင်းရဲ့ ရလာဒ်ကောင်းတွေကတော့ ကြီးမားတဲ့ ဆုံးရှုံးမှုပါပဲ။
ကြိုးပမ်းနေခိုက်တွင် မုချကြုံရမည်ဖြစ်သော လောကဓံတရား၊ အခက်အခဲနှင့် ဒုက္ခများကို ရင်ဆိုင်နိုင်အောင် လေ့ကျင့်ထားရမယ်။
ထိုပန်းတိုင် (မိမိချမှတ်ထားသောပန်းတိုင်) ကို ရောက်ရန် ဆုမတောင်းပါနှင့် ဆုပန်ပါ၊ ခိုင်မာသော အဓိဌာန်ချပါ။
ဘဝကံကြောင့် မိမိလိုချင်သည့် ပန်းတိုင်ကို တိုက်ရိုက်မသွားနိုင်စေဦးတော့ အစားထိုးအောင်မြင်နိုင်သည်ကို သတိရပါ၊
မိမိအတွင်းစိတ်နှင့်စွမ်းရည်ကို စစ်ဆေး၍ ဘဝအထုံကို ရှာပါ။
<< နောက်သို့ ဆက်ရန် >>
No comments:
Post a Comment