စိတ်ဓာတ်ခွန်အားဖြစ်စေသော စကားစုများ (၃)





သင်သည် ဘဝဟုခေါ်တွင်သော တရားဝင် ဖွင့်လှစ်ထားခြင်းမဟုတ်သည့်ကျောင်းတွင် ကျောင်းသားအဖြစ် စားရင်းသွင်းထား၏။ ဤကျောင်းတွင် သင်သည် သင်ခန်းစာများ သင်ယူဆည်းပူးခွင့်ကို နေ့စဉ်ရရှိလိမ့်မည်။ ၎င်းသင်ခန်းစာများကို သင်နှစ်မြို့ချင်နှစ်မြို့မည်၊ မနှစ်မြို့ချင်လည်း မနှစ်မြို့ဘဲရှိလိမ့်မည်။ မည်သို့ဖြစ်စေကာမူ သင်သည် ၎င်းသင်ခန်းစာများကို သင့်သင်ရိုးညွှန်းတမ်း၏ အစိတ်အပိုင်းအဖြစ် စီစဉ်ထားရပေမည်။



သင့်ကိုယ်သင် စိတ်ချုပ်ထားမည်၊ သာယာမှုများကို ငြင်းပယ်ရှောင်ကြဉ်နေမည်ဆိုလျှင် သင့်ဘဝ ပုံမှန်ချောမွေ့စွာ လည်ပတ်နေမည်မဟုတ်တော့ပေ။ အလုပ်ချည်းကျုံးလုပ်ပြီး အပျော်အပါးမပါခြင်းသည် သင့်ဘဝကို ထိုင်းမှိုင်းစေသည် ဟူသော ဆိုရိုးစကားသည် အတော်မှန်ပါသည်။ မကြာမကြာဆိုသလို ခေတ္တခဏရပ်နားပြီး အာရုံခံစားမှုနောက်ကို မလိုက်လျောလို့ကတော့ သင်သည် အရောင်အသွေးမစုံသည့် ခြောက်ကပ်ကပ်ဘဝကြီးထဲမှာ ရှင်သန်နေထိုင်ရသည်သို့ ရှိပါလိမ့်မည်။



သင့်သဘောတူညီချက်မပါဘဲ ဘယ်သူမှသင့်အား သိမ်ငယ်စိတ်ဝင်အောင် မပြုလုပ်နိုင်။   (အယ်လီနာရုစဗဲ့)



ဘဝဟူသည် တွေ့ကြုံရင်ဆိုင်ပြီး သိမှတ်တတ်မြောက်အောင် သင်ယူရမည့် စဉ်ဆက်မပြတ် သင်ခန်းစာများသာဖြစ်သည်။    (ဟဲလင်ကဲလား)



မိမိဘဝကိုမိမိ ပဲ့ကိုင်နိုင်အောင်ကြိုးစားပါ။
ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်အောင်ကြိုးစားပါ။



အမှန်မမြင်သူများသည် တဖက်ခြံထဲကမြက်ကို ပိုစိမ်းသည်ဟု ထင်တတ်ကြသည်။



စိတ်နှလုံးကောင်းခြင်းသည် အောင်မြင်ခြင်းကို သယ်ဆောင်လာစေသည်။



<< နောက်သို့               ဆက်ရန် >>


No comments:

Post a Comment