စိတ်ဓာတ်ခွန်အားဖြစ်စေသော စကားစုများ (၁၉)




မြွေတကောင်လို တတ်နိုင်သမျှ လျှို့ ဝှက်ပါ။ သို့ပေမယ့် ဒေါင်းတကောင်လို နူးညံ့ပျော့ပျောင်းမှု ရှိပါစေ။



သည်းခံခွတ်လွှတ်နိုင်စွမ်းရှိပြီး ရိုးသားထက်မြတ်သော ခေါင်းဆောင်ကောင်းတယေက်ကို လူအများက ရိုသေလေးစားကြလိမ့်မည်။



ဘဝဆိုတာ ခက်ခဲကြမ်းတမ်းတဲ့ ခရီးရှည်တခုပါ။ အင်အားပြည့်ဝအောင် ကောင်းကောင်းနေ ကောင်းကောင်းစားပြီး ကောင်းကောင်းအနားယူတတ်ပါစေ။ အသက်ကိုလည်းအမြဲ ဝအောင်ရှူပါ။



သင်လင့်လျှူရှု့လိုက်သောဒီနေ့သည် မနေ့က သင်၏ဘဝကို ပျက်စီးစေလိုသောသူ၏ ဆုတောင်းဖြစ်သည်။



အချိန်သည်သာ အသက် အချိန်သည်သာ ဘဝ အချိန်သည်သာ အောင်မြင်မှု့ပဲ။ ဒါ့ကြောင့် အချိန်ကို တန်ဖိုးထားလေးစားပါ။



ဘယ်လောက်ကောင်းတဲ့ပစ္စည်းဖြစ်ဖြစ် တနေ့တွင် တန်ဖိုးကျသွားနိုင်သော်လည်း စာအုပ်ကောင်းတို့ကပေးသော ဗဟုသုတတန်ဖိုးမှာ ဘယ်တော့မှကျမသွားပေ။



စာအုပ်ကောာင်းတွေဖတ်ဖို့ အရေးကြီးပါတယ်။ ဒါပေမယ့် လက်တွေ့ လိုက်နာကျင့်ကြံအားထုတ်ဖို့က ပိုအရေးကြီးတယ်။



ဘာမှမကြိုးစားဘဲအောင်မြင်နေသူထက် ကြိုးစားပြီး မအောင်မြင်သူက ပိုပြီးတန်ဖိုးရှိတယ်။



အတ္တာဟိ အတ္တနော နာထော (မိမိကိုယ်သာ ကိုးကွယ်ရာ)



လက်တကမ်းတွင်ရှိနေသော ကြီးပွားတိုးတက်ရေးအခွင့်အလမ်းကို ရအောင်ယူနိုင်ခြင်းသည် လူ့ဘဝ၏ ကြီးကျယ်သော ပညာရပ်ဖြစ်သည်။



သူတော်ကောင်းတို့မည်သည် မည်သည့်အခါတွင်မှ မှန်ကန်သောလမ်းကြောင်းမှ သွေဖယ်ခွဲခွာ၍သွားလေ့မရှိ။ လွယ်ကူသောကိစ္စများကို ဆောင်ရွက်ရာ၌ တော်ဖြောင့်မှန်ကန်စွာ ဆောင်ရွက်သည့်နည်းတူ အခက်အခဲနှင့်ရင်ဆိုင်လာရသောအခါတွင်လည်း တုန်လှုပ်ယိမ်းယိုင် သွားလေ့မရှိ။



တရားမျှတမှုဆိုတာ ဘာလဲလို့ တွေးနေမယ့်အစား မတရားမှုအတွက် ဘာလုပ်နိုင်သလဲဆိုတာ ကိုယ့်ကိုယ်ကို မေးပါ။ ပြီးတော့ပြင်ဆင်ပါ။



<< နောက်သို့                 ဆက်ရန် >>

No comments:

Post a Comment