စိတ်ဓာတ်ခွန်အားဖြစ်စေသော စကားစုများ (၁၈)
ကမ္ဘာလောကကြီးသည် သင်နှင့်ဘက်ညီသော လက်တွဲဖော်ဖြစ်ပြီး သင်သည် ကမ္ဘာလောကကြီးနှင့် ဘက်ညီသော လက်တွဲဖော်ဖြစ်သည်။ (ဂျိုးဇက်ကင့်ဘဲလ်)
သင်ပြုလုပ်လို့ရတာ၊ သို့မဟုတ် စိတ်ကူးယဉ်လို့ရတာ ဘာကိုမဆို စတင်ပြုလုပ်ပါ။ ရဲဝံ့ခြင်းတွင် ထူးချွန်မှု၊ စွမ်းအားနှင့် အံ့ဖွယ်အလှည့်အပြောင်းတို့ ပါဝင်နေ၏။
ရှုပ်ထွေးပွေလီလှသော နေ့စဉ် ဘဝများအကြားတွင် ကျွုန်ုပ်တို့၏ တီထွင်ဝိဥာဏ်များ အင်ပြည့်အားပြည့် ဖြစ်လာစေမည့် အားဖြည့်ဖျော်ရည်ကို ရှာဖွေကြရမည်။ (ဆာ့ခ်)
ခက်ခဲမှ စိန်ခေါ်မှုက တန်ဖိုးရှိတာပါ။
ကိုယ့်ထက်ဗလကြီးတဲ့ တစ်ဖက်ကစားသမားတွေနဲ့ ရင်ဆိုင်ရတဲ့အခါမျိုးမှာ ကိုယ်ကပိုပြီးရဲရဲတင်းတင်း ကြမ်းကြမ်းတမ်းတမ်း ကစားလေ ကိုယ်အနာ သက်သာလေပဲ။
မိမိကိုယ်ကို ယုံကြည်စိတ်၊ တစုံတရာ၌ ထက်သန်ဝင်စားစိတ်၊ ရွပ်ရွပ်ချွံချွံပြုလုပ်လိုသောစိတ် စသည့်အပြုသဘောဆောင်သော တိုက်တွန်းစေ့ဆော်စိတ်များသည် လောက၌ အောင်မြင်မှုရရှိစေမည့် အရေးကြီးဆုံးသော အရာများဖြစ်သည်။
လုပ်ငန်းတခုကို ဦးဆောင်နိုင်ရန်အတွက် သက်ဆိုင်ရာ ပညာရပ်တွင် ကျွမ်းကျင်နေရုံဖြင့်မပြီး၊ အဲ့ဒီပညာရပ်ကို လက်တွေ့လောက၌ မည်သို့အထိရောက်ဆုံး အသုံးချမလဲဆိုတာပါ သိမြင်တတ်ဖို့လိုသည်။
တိုးတက်အောင်မြင်လိုသူသည် ကိုယ့်အားကိုယ်ကိုး စိတ်ဓာတ်ရှိမည်။ အားကိုးလောက်သော ကိုယ်ပိုင်အရည်အချင်းများရှိအောင်လည်း မပြတ်လေ့ကျင့် ပျိုးထောင်ရမည်။
ဖြစ်ရမယ်လို့ စွဲစွဲမြဲမြဲယုံကြည်မယ်၊ ကိုယ်ရွေးချယ်ထားတဲ့ပွဲကို ကိုယ်ဝင်ပြိုင်ဖို့ ဇွဲနပဲလည်းရှိမယ်ဆိုရင် အောင်ပွဲဆိုတာ ပြေးမလွတ်ဘူး။
ကိုယ့်ရဲ့ မျှော်လင့်ချက်၊ ယုံကြည်ချက်တွေ၊ စိတ်ကူးယဉ် အိမ်မက်တွေကို ဘယ်အရာ ဘယ်ကိစ္စအတွက်မှ မပျောက်ပျက် မဆုံးရှုံးစေနဲ့။
ဘဝမှာ ကြုံရတဲ့ ခလုတ်ကန်သင်းတွေကို ကိုယ့်ဘဝတိုးတက်အောင် မြှင့်တင်ပေးမယ့် လှေကားထစ်တွေအဖြစ် ပြောင်းလဲပြစ်နိုင်ရမယ်။ ခလုတ်တိုက်မိတဲ့ ကျောက်တုံးကို ခြေနင်းတုံးအဖြစ် အသုံးပြုတတ်ရမယ်။
<< နောက်သို့ ဆက်ရန် >>
No comments:
Post a Comment