စိတ်ဓာတ်ခွန်အားဖြစ်စေသော စကားစုများ (၁၇)




စိန်ကျောက်ရတနာတို့မည်သည် အနည်းငယ်မျှသော အနာကြောင့် မပျက်စီး။ အဖိုးတန်ကျောက်မြတ်ရတနာ မှန်က အများအားဖြင့် အနာရှိတတ်သည်။ စိန်သည် အနာကြောင့်ဖန်မဖြစ်နိုင်။



ရဲရင့်သောသူသည် တောင်ထိပ်ပေါ်၌ရှိသော ခံတပ်ဖြစ်၍ ကံကြမ္မာဆိုးတို့၏ မြားများသည် ရဲတပ်ကို မဖောက်မဝင် လွင့်စဉ် ကွယ်ပျောက်ကြရသည်သာတည်း။



ဆင်းရဲဒုက္ခဟူသည် မည်သူ့မှာမျှမကင်း၊ လူမှန်သမျှ ဆင်းရဲဒုက္ခတွေ့ရ၏ ဟူသော အသိကို ဆောင်ကာ ဆင်းရဲခြင်းကို အမဲဟင်းလျာ အရိုးအရင်းလို သဘောထား ကိုက်ဝါး၍ စားရမည်။



ပျင်းရိခြင်းသည် ငတ်မွတ်ဆင်းရဲခြင်း၏ မိခင်ဖြစ်၏။ အလုပ်သည် သုခ ချမ်းသာခြင်း၏ ဖခင်ဖြစ်၏။



ဆင်းရဲဒုက္ခအရောက်ဆုံး အခြေအနေတွေမှာတောင် လက်ရှိ ပစ္စုပ္ပာန်ကာလမှာ အဆင်ပြေချောမွေ့တဲ့ အကြောင်း အာရုံပြုထားရင် သင်ပိုပြီး စိတ်ချမ်းမြေ့ လာလိမ့်မယ်။
နောက်ပြီး မှားနေတာတွေကို ပြန်ပြီး တည့်မတ်အောင် လိုအပ်နေတဲ့ အားမာန်တွေ၊ ယုံကြည်မှူတွေ ပေးလိမ့်မယ်။



အတိတ်ကအတွေ့အကြုံတွေကနေ သင်ယူဆည်းပူးမှု မပြုခဲ့ဘူးဆိုရင် အတိတ်ကို အတိတ်မှာပဲ ထားခဲ့ဖို့ ခက်ခဲလိမ့်မယ်။ သင်ယူဆည်းပူးမှု ပြုလုပ်ပြီးတာနဲ့ အတိတ်ကို အတိတ်မှာပဲ ထားရစ်ခဲ့မယ်ဆိုရင် ပစ္စုပ္ပာန်ကို တိုးတက်ကောင်းမွန်အောင် သင်စွမ်းဆောင်ရာ ရောက်တယ်။



သင်သာ မှန်မှန်ကန်ကန်ကြည့်တတ်မြင်တတ်လျှင် သင်နှင့်စိမ်းပေ့ဆိုသော နေရာများမှာပင် သင့်အား လမ်းညွှန်ပေးသူကို ရံဖန်ရံခါတွေ့ရ၏။     (ဂျယ်ရီ ဂါဆီယာ)



ဘဝက စစ်ဆေးမှုပေါင်းများစွာပြု၏။ အခက်အခဲအကျပ်အတည်းပေါင်းများစွာပေး၏။ ထို့ကြောင့် ဘဝပင်လယ်ကြီးကို အထိအခိုက် အရှအနာ မရှိဘဲ ကူးဖြတ်နိုင်သူဟူ၍ မရှိချေ။



သင့်ဘဝမှာ ဖြစ်လာသမျှအကြောင်းများသည် ဘယ်သူမပြု မိမိမှုသာဖြစ်၏။



သင့်အတွက် လိုအပ်သော လက်နက်ကရိယာနှင့်သယံဇာတအားလုံး သင့်မှာရှိသည်။ ထိုအရာများဖြင့် သင်ဘာလုပ်သလဲဆိုတာတော့ သင့်သဘောပဲဖြစ်သည်။



သင့်အကန့်အသတ်၊ အတားအဆီးများကို မျက်စိမှိတ် လက်ခံမနေပါနှင့်၊ ငြင်းပယ်ပါ၊ စောဒကတက်ပါ၊ နောက်ဆုံး ကမ္ဘာလောကကြီးတခုလုံးက သင်နှင့် တစ်သဘောတည်း ဖြစ်လာပြီး သင့်သဘောအတိုင်း တုံ့ပြန်လာပါလိမ့်မည်။



<< နောက်သို့                 ဆက်ရန် >>



No comments:

Post a Comment