စိတ်ဓာတ်ခွန်အားဖြစ်စေသော စကားစုများ (၁၆)




သရဲဘောကြောင်သူတို့မှာ သေခြင်းဆိုက်ရောက် မလာမီစပ်ကြား၌ အကြိမ်ကြိမ်သေရ၏။



လောက၌ သေခြင်းတရားသည် မကြီးကျယ်၊ သေမှာကြောက်သောစိတ်သာ ကြီးကျယ်သည်။



မနက်ဖြန်အတွက်တွေးပူနေမည့်အစား ယနေ့အလုပ် လုပ်ပါ။ ဘဝကို ကြောက်ရွံ့နေမည့်အစား ခံစားပါ။



အခက်အခဲဆိုတာမရှိရင် အောင်မြင်မှုရာဇဝင် သင့်မှာရှိမှာ မဟုတ်ဘူး။



အချိန်သည် ရတနာပေါင်းတို့ကို ထွက်ပေါ်စေနိုင်သော ရတနာတွင်းကြီးဖြစ်သည်။ ပညာလိုချင်လျှင်ပညာရ၏။ ဥစ္စာလိုချင်လျှင် ဥစ္စာရ၏။ ကုသိုလ်ကောင်းမှုလိုချင်လျှင် ကုသိုလ်ကောင်းမှုပေးနိုင်၏။



ယခုဆိုသောအချိန်သည် အချိန်ပေါင်းတို့တွင် အရေးကြီးဆုံးသော အချိန်ဖြစ်လေသည်။ ယခုဆိုသောအချိန် ဆုံးပါးချေက မနေ့ကဆိုသော အချိန်ပေါင်း (၁၀) ရက်ဖြည့်စွက်၍မရပေ။ မနက်ဖြန် ဒုန်းစိုင်းလိုက်၍ မရချေ။



လောက၌ စွဲမြဲခြင်းဖြင့် မပြီးမြောက်နိုင်သောအရာ မရှိပေ။



ခြေဖဝါးအောက်ကမြေကြီးကို ချွေးရည်လေး အနည်းငယ်မျှ လောင်းလိုက်ရုံနှင့်ပင် ပဒေသာပင် ထွက်ပေါ်၍လာနိုင်ပေသည်။



ခက်ခဲခြင်းသည် ကြောက်သူကို ဖြဲ၍ခြောက်တတ်သော အရာမျိုးဖြစ်သဖြင့် " ကြောက်လေ ခြောက်လေ၊ ခြောက်လေ ကြောက်လေ " ဖြစ်သောကြောင့် ၄င်းကိုသာ တွေး တွေးပြီးကြောက်၍နေသူတို့ကို ချောက်ထဲသို့ရောက်အောင် ခြောက်ကာချတတ်လေသည်။



ရေတံခွန်သည် မိမိတို့သွားရာလမ်းကို မိမိတို့ကိုယ်တိုင် ထွင်၍သွားကြလေသည်။ ရေတံခွန် သွားရာလမ်းကို မည်သူတစုံတယောက်မှ သွယ်ဖောက်ပေးသည် မဟုတ်ချေ။ ထို့အတူ ယောက်ျားကောင်းပီသသောသူတို့သည် လောက၌ ကြီးပွားတိုးတက်ရာလမ်းကို မိမိတို့ကိုယ်တိုင် ရှာကြံတီထွင်နိုင်သော အစွမ်းရှိကြလေသည်။



ကြီးပွားလိုသောသူတို့သည် ချောင်းတခုကိုကျော်ပြီးလျှင် တံတားကို မီးရှို့ပစ်ရဲရမည်။ ထိုကဲ့သို့ ရှို့၍မပစ်ဝံ့သောသူတို့သည် တစ်ဖက်၌ အခက်အခဲနှင့်ကြုံတွေ့ရသည့်အခါ ပြန်၍ကူးလာတတ်သဖြင့် အောင်မြင်ခြင်းကိုမရောက်ဘဲ ခက်ခဲခြင်းသည် ဆထက်ထမ်းပိုး ပိုမိုကြီးမား၍ လာမြဲဖြစ်လေသည်။ ကမ္ဘာပေါ်တွင် တံတားကို မီးမရှို့ဝံ့သောသူတို့သည် အောက်တန်းစားလူများထဲတွင် အများကြီးရှိလေသည်။



စိတ်ပျက်ခြင်း၊ အားငယ်ခြင်းသည် ကြီးပွားခြင်း၏ အကြီးမားဆုံးသော ရန်သူဖြစ်သည်။



<< နောက်သို့                 ဆက်ရန် >>



No comments:

Post a Comment