စိတ်ဓာတ်ခွန်အားဖြစ်စေသော စကားစုများ (၁၅)
အခွင့်အရေးရရင် ကြိုးစားမယ်လို့တွေးနေမယ့်အစား ကြိုးစားရင်းနဲ့ပဲ အခွင့်အရေးကို ရှာဖွေရမယ်။
စွန်ဆိုသည်မှာ လေစုန်တွင်မတက်၊ လေကို ဆန်ရင်းဖြင့်သာ အမြင့်သို့ တက်စမြဲဖြစ်သည်။
ထက်သန်စိတ်မရှိဘဲ လောက၌ မည်သည့်ကြီးမားသော အောင်မြင်မှုမျိုးကိုမှ မရနိုင်။
လက်မမြှောက် နောက်မဆုတ်တတ်သူ ဟူသော ရာဇဝင်ကို သိရုံဖြင့်ပင် အနှောင့်အယှက် အဟန့်အတားတွေသည် သူတို့ဘာသာ အလိုအလျောက် လက်မြောက်နောက်ဆုတ်သွားကြမည်သာဖြစ်သည်။
စိတ်ချမ်းသာပျော်ရွှင်မှုဟူသည် လူ့ဘဝတွင် ရရှိနိုင်သည့် အကြီးမားဆုံး ဆုလာဒ်ဖြစ်သည်။
စိတ်ကူးယဉ် အိမ်မက်များနေရာ၌ နောင်တနှင့်သံဝေဂများ အစားဝင်လာပြီဆိုရင် သင် အိုပြီဟူ၍ မှတ်ပါလေ။
သင့်၌ အိမ်မက်ကြီးကြီးမားမားမရှိလျှင် သင်သည် ရှင်လျက် အသက်သေနေသူဖြစ်သည်။
ကောင်းကင်တွင် ရဲဝင့်ဝံ့စားစွာပျံဝဲနေသော သိမ်းစွန်ရဲသည် ဥခွံငယ်အတွင်းမှ စောင့်ဆိုင်း၍ နေခဲ့ဖူးသည်။
အကြီးကျယ်ဆုံးထမြောက်အောင်မြင်မှုသည် ပထမ၌ စိတ်ကူးယာဉ် အိပ်မက်မျှသာဖြစ်ခဲ့သည်။ စိမ်းရွက်တွေ ဝေလျက်ရှိသည့် ပညောင်ပင်ကြီးသည် ညောင်စေ့လေးထဲတွင် အိပ်စက်၍နေခဲ့ဖူးသည်။
စိုးရိမ်ကြောင့်ကြခြင်းဟူသည် မီးခိုးကို ဂေါ်ပြားဖြင့် ကော်ထုတ်ခြင်းကဲ့သို့ အချန်ကုန်လူပမ်း၍ အကျိုးကျေးဇူးကင်းမဲ့သည့် အလုပ်တခုဖြစ်သည်။
သူရဲကောင်းတို့ကား သေခြင်းတရားကို တကြိမ်ထက်ပိုပြီး မြည်းစမ်းခြင်းမပြုပေ။
<< နောက်သို့ ဆက်ရန် >>
No comments:
Post a Comment