စိတ်ဓာတ်ခွန်အားဖြစ်စေသော စကားစုများ (၁၄)
ကျိုးနွံတဲ့စိတ်နဲ့ ပြုမူပြောဆိုနိုင်မှုဟာ အရည်အချင်းတခုပဲ။ လိုက်နာနိုင်ဖို့ မလွယ်ဘူး။
ဘဝမှာ သည်းခံခြင်းဆိုတဲ့ခံတပ်ရှိမှ အောင်ပွဲ ရမှာ ဖြစ်တယ်။ ဘယ်ဒုက္ခ စစ်သည်တွေ လာတိုက်တိုက် မတုန်မလှုပ် ခုခံပါ။
ဆုံးဖြတ်ချက်ကို လွယ်လွယ်မချနဲ့။ ချပြီးရင်လည်း နောင်တ မရနဲ့။
အောင်မြင်မှုဆိုတာ ဝီရိယ ရှင်တွေရဲ့ ကျေးကျွန်ပါ။
ဘဝပင်လယ်ကို ဖြတ်ကူးချိန်မှာ ဦးနှောက်နဲ့ နှလုံးသားကို ယှဉ်တွဲထားပါ။ အချိုးအစားမကျရင် လှိုင်းလေဒဏ်နဲ့ နစ်သွားနိုင်တယ်။
ဘဝပြဿနာများက ကျနော်တို့ကို ပြဿနာ ရှာနေခြင်းမဟုတ်ပါ။ ခွန်အားပေးနေခြင်းသာ ဖြစ်တယ်။
သိပြီးတော့မလုပ်ရင်လည်း မသိသေးတာနဲ့ အတူတူပါပဲ။
ပြိုင်ပွဲမှာ ပြိုင်ဘက်ရှူံးဖို့ ကြိုးစားရမှာ မဟုတ်ဘူး။ ကိုယ်နိုင်အောင်ကြိုးစားရမှာ။
ဘဝမှာ ပန်းတိုင်ရောက်ဖို့ ရွေးစရာလမ်းတွေ အများကြီးရှိတယ်။ တလမ်းက သွားခွင့်မရရင် နောက်တလမ်းက သွားရမယ်။
ကြိုးစားမှုဆိုတဲ့တံတားထိုးလိုက်ရင် အောင်မြင်မှုဆိုတဲ့ ဆိပ်ကမ်းကို သင်ရောက်လိမ့်မည်။
ဒုက္ခနဲ့အခက်အခဲဆိုတာ မိမိရဲ့ အရည်အချင်းကို စစ်တဲ့စာမေးပွဲပါ။
ဖြစ်ချင်တာမဖြစ်လို့ ဖြစ်ချင်တာဖြစ်စမ်းကွာလို့ မလုပ်လိုက်ပါနဲ့။ ဖြစ်နိုင်တာတွေ ပြောင်းဖို့ကြိုးစားပါ။
<< နောက်သို့ ဆက်ရန် >>
No comments:
Post a Comment