စိတ်ဓာတ်ခွန်အားဖြစ်စေသော စကားစုများ (၁၃)




ခေါင်းဆောင်ဖြစ်လိုလျှင် ပြဿနာတခုနှင့်ပါတ်သက်၍ တိကျရေရာသော ဆုံးဖြတ်ချက်တခုကို လျင်မြန်စွာချမှတ် နိုင်စွမ်းရှိရမည်။



တချို့က ကြီးကြီးကျယ်ကျယ် အောင်မြင်မှု မှန်လျှင် ပါရမီရှင်ဟု ကင်ပွန်းတပ်လေ့ ရှိကြသည်။ စင်စစ် ဏပါရမီဟူသည် ထူးကဲဥာဏ် တကျပ်သားမှာ ချွေး ကိုးဆယ့်ကိုးကျပ်သား ပေါင်းစပ်ထားခြင်းသာ ဖြစ်သည်။



မဆုတ်မနစ် လုပ်တတ်သူနှင့် ထွန်းပေါက်အောင်မြင်မှု ဟူသည် ဒွန်တွဲနေစမြဲသာဖြစ်သည်။



မမြင်တတ်သောသူ အခွင့်အရေးကို သတိပြုကြည့်ရှု့မနေသောသူကား လူတကာကြားမှ ထွက်ပြေးလာသော အခွင့်အရေးကို မမြင်ကြပေ။



မြင်တတ်သူတွေအတွက် နေရာတိုင်းမှာ အခွင့်အရေးရှိတယ်။



လူဆိုတာ တကယ်တော့ အသေခင် ရှင်ရတာလေးပါ။ မာနကြီးတခွဲသားနဲ့ ဘဝင်မမြင့်နဲ့၊ အောက်ခြေမလွတ်နဲ့၊ ရခဲရခိုက် လူ့ဘဝလေးအတွင်း စိတ်ဝင်စားစရာ ပေါများးလှတဲ့ ဒီလောကကြီးထဲမှ စွန့်စားမှုနဲ့ အလှအပတွေ ရှာရမယ်။



ယှဉ်ပြိုင်မှု ကမ္ဘာကြီးထဲမှာ နေ နေကြတဲ့ လူသားတိုင်းဟာ အစစ အရာရာ ပြင်ဆင်မထားရင် ဘဝဒဏ်ကို အလူးအလဲ ခံရမှာပါ။



ရှူံးမှာကြောက်ရင် နိုင်အောင်ကြိုးစား။



အမှန်ကို မြတ်နိုးရင် အမှားကို ရင်ဆိုင်ရဲပါစေ။



လူတွေဝေဖန်တိုင်းသာ စိတ်ဓာတ်ကျရင် ပန်းတိုင်နဲ့ဝေးပြီ။ စိတ်ဓာတ်မကျလေနှင့်။



ကျိုးနွံတဲ့သူတွေဟာ အများအားဖြင့် အရည်အချင်းရှိရုံသာမက သတ္တိပါ ရှိတတ်ကြတယ်။



<< နောက်သို့                 ဆက်ရန် >>

No comments:

Post a Comment