စိတ်ဓာတ်ခွန်အားဖြစ်စေသော စကားစုများ (၁၂)
အရာရာ၌ အကောင်းဆုံးကိုသာ ကြည့်မြင်ခံစားတတ်သူတွေအတွက် လူ့ဘဝဟူသည် ဘယ်လောက်နေပျော်လိုက်ပါမည်နည်း။
လူအများစုတို့သည် မိမိတို့မှာရှိသည့် တီထွင်ကြံဆမှုစွမ်းရည်နှင့် အလုပ် လုပ်နိုင်မှုစွမ်းရည်တို့၏ ဆယ်ပုံတပုံလောက်ကိုသာ အသုံးပြုနေကြသည်။ အကယ်၍ မိမိစွမ်းအားရှိသမျှသာ ပြည့်ပြည့်ဝဝ အသုံးချကြမည်ဆိုက မိမိ၏စွမ်းဆောင်အောင်မြင်မှုများအတွက် မိမိကိုယ်တိုင်ပင် အံ့အားသင့်ရလိမ့်မည်။
ဇဝေဇဝါချီတုံချတုံဖြစ်နေသည့် လူစုကြားထဲတွင် တစုံတရာကို တိကျပြတ်သားစွာ ဆုံးဖြတ်ပြောဆို လုပ်ကိုင်ရဲသူသည် ခေါင်းဆောင်ဖြစ်လာတတ်ခြင်းမှာ ဓမ္မတာပင်ဖြစ်သည်။
လောက၌ ဘယ်အရာမဆို တန်ရာတန်ဖိုး ပေးမှရ၏။ အောင်မြင်သောဘဝဟူသည် ကျားကုတ်ကျားခဲ တည်ဆောက်ယူမှရသည်။
ထက်သန်မှုစွမ်းအားနှင့် ရဲဝံ့ပြတ်သားမှု ပေါင်းစပ်ထားသူကို ဘယ်သူမျှ မတားဆီးနိုင်။
မနေ့ကငါထက် ဒီနေ့ငါ သာအောင်ကြိုးစားရမည်။
ထူးချွန်ပြောင်မြောက်သော ပုဂ္ဂိုလ်ဖြစ်လိုလျှင် ပြတ်ပြတ်သားသား လုပ်တတ်သည့် အလေ့အထ မွေးမြူရမည်။
ထမြောက်အောင်မြင်သူ၊ လူအများကို ဦးဆောင်နိုင်သူတစ်ဦး ဖြစ်လိုလျှင် စဉ်းစားတတ်သောဥာဏ်ရှိရမည်။ မိမိ စဉ်းစားဥာဏ်၏ ဝေဖန်ပိုင်းခြားဆုံးဖြတ်မှုကို ယုံကြည်စိတ် ရှိရမည်။ ထို့နောက် ထိုဆုံးဖြတ်ချက်ကို ပြတ်ပြတ်သားသား အကောင်အထည်ဖော်ရမည်။
မရေရာမပြတ်သားသူများ၌ အဓိက ဒုက္ခပေးနေသည့် အချက်များမှာ ဘာကိုမျှ မပစ်ပယ်နိုင်ခြင်းဖြစ်သည်။ သူတို့သည် "ပစ်ရမှာလည်း အဆီနဲ့ တဝင်းဝင်း၊ စားရမှာလည်း သဲနှင့် တရှပ်ရှပ်" ဆိုသည့် အနေအထားမျိုးကို အမြဲ ရင်ဆိုင်နေကြရသူများဖြစ်သည်။ ပြတ်သားသူများကား ပစ်ရမည်ဆိုလည်း အဆီ မနှမြော စားရမည်ဆိုလည်း သဲမကြောက်သူများ ဖြစ်ကြသည်။
<< နောက်သို့ ဆက်ရန် >>
No comments:
Post a Comment