စိတ်ဓာတ်ခွန်အားဖြစ်စေသော စကားစုများ (၁၁)




လူတယောက်မှာ မိမိကိုယ်မိမိ တိုးတက်ကြီးပွားမှုကို ဟန့်တားထားတဲ့ရန်သူဟာ ပြင်ပက မဟုတ်ဘူး၊ မိမိကိုယ်တွင်းကပဲဖြစ်တယ်။



ပျင်းရိခြင်းသည် လူမိုက်တို့၏ ရက်အားများသာဖြစ်သည်။
ပျင်းရိခြင်းသည် အသက်ရှင်နေသူအား သဂြိုဟ်ခြင်းပင်တည်း။
ပျင်းရိခြင်းသည် အားနည်းသူတို့၏ ခိုလှုံရာဖြစ်၍ အသုံးမကျသူတို့၏ အားလပ်ရက်ဖြစ်သည်။
ပျင်းရိခြင်းသည် အလွန် အသွားနှည်းသောကြောင့် ဆင်းရဲခြင်းက မကြာမီ ကျော်လွန်သွားတတ်လေသည်။



ကျွန်ုတို့သည်...
ကြောက်ရွံ့ခြင်းကင်းရမည်၊ သတ္တိရှိရမည်၊ ယာဉ်ကျေးရမည်။
ဆင်းရဲမွဲတေမည်ကို ကြောက်ရွံ့ခြင်း ကင်းစေရမည်။
ပြစ်တင်ဝေဖန်မည်ကို ကြောက်ရွံ့ခြင်း ကင်းစေရမည်။
ကျန်းမာရေးပျက်ပြားမည်ကို ကြောက်ရွံ့ခြင်း ကင်းစေရမည်။
ချစ်ခင်မှု ဆုံးရှူံးပျက်ပြားရမည်ကို ကြောက်ရွံ့ခြင်း ကင်းစေရမည်။
လွတ်လပ်မှုဆုံးရှူံးရမည်ကို ကြောက်ရွံ့ခြင်း ကင်းစေရမည်။
အသက်ကြီးရင့်မည်ကို ကြောက်ရွံ့ခြင်း ကင်းစေရမည်။
သေဆုံးရမည်ကို ကြောက်ရွုံ့ခြင်း ကင်းစေရမည်။
သူတပါးအား ငြူစူခြင်း ကင်းရမည်။
မုန်းတီးခြင်းနှင့် မနာလိုခြင်း ကင်းရမည်။
လက်စားချေလိုခြင်းနှင့် အာဃာတထားခြင်းကင်းရမည်။
လောဘကြီးခြင်း ကင်းရမည်။
အယူသီးခြင်းနှင့် သံသယရှိခြင်း ကင်းရမည်။
အမျက်ဒေါသထွက်ခြင်း ကင်းရမည်။
ပူဆွေးသောက ကင်းရမည်။
ဝမ်းနည်းခြင်း ကင်းရမည်။
ပြစ်တင်ဝေဖန် ကဲ့ရဲ့ခြင်းကို မတုန်မလှုပ်ဘဲ ခုခံနိုင်စွမ်း ရှိရမည်။



ကြောက်စိတ်သည် အလုပ်ကို နှောင့်နှေးစေ၏၊ တွေဝေစေ၏၊ လမ်းလွဲစေ၏။ ကြောက်စိတ်အားကြီးလျှင် ကျန်းမာရေးလည်းပျက်၏၊ အရေးကြီးလှသော ဦးနှောက်လည်းပျက်၏။



ဘဝအောင်မြင်ရေးတွင် မိမိကိုယ်ကို အားမကိုးခြင်းနှင့် ကြောက်ခြင်းထက် ကြီးသောရန်သူ မရှိချေ။



ပစ္စုပ္ပာန်ကာလမှာ သင် စိတ်ဆင်းရဲနေရတဲ့ အခါမျိုး ဒါမှမဟုတ် မအောင်မြင်ဘူးလို့ ခံစားနေရချိန်မျိုး၊ အဲ့ဒီအချိန်ဟာ အတိတ်ဖြစ်ရပ်တွေကနေ သင်ခန်းစာ ထုတ်ယူရမယ့် ဒါမှမဟုတ် အနာဂါတ်အတွက် စီမံကိန်းချရမယ့် အချိန်ပဲဖြစ်တယ်။



အတိတ်တုန်းက ဘာဖြစ်ခဲ့သလဲဆိုတာ ပြန်ပြီးဆန်းစစ်လေ့လာပါ။
အဲဒီဖြစ်ရပ်တွေကနေ အဖိုးတန် သင်ခန်းစာ တခုခု ထုတ်ယူပါ။
သင် ထုတ်ယူရရှိတဲ့ သင်ခန်းစာကို ပစ္စုပ္ပာန်ကာလ တိုးတက်ကောင်းမွန်ရေးအတွက် အသုံးချပါ။
သင် အတိတ်ကို ပြုပြင်ပြောင်းလဲလို့ မရဘူး။ ဒါပေမယ့် အတိတ်ကနေ သင်ခန်းစာ ထုတ်ယူလို့ရတယ်။
အနေအထားတူတာတွေ ပေါ်ပေါက်လာရင် အကြောင်းကိစ္စတွေကို မတူခြားနားအောင် ဆောင်ရွက်၊ ပြီးတော့ပိုပြီး ထွန်းပေါက်အောင်မြင်တဲ့ ပစ္စုပ္ပာန်ကာလကို ပျော်ရွှင်ခံစားပါ။



<< နောက်သို့                 ဆက်ရန် >>


No comments:

Post a Comment