စိတ်ဓာတ်ခွန်အားဖြစ်စေသော စကားစုများ (၁၀)
တခုခုကို ကြွေးကြော်ပြီးပြီဆိုရင် အောင်မြင်အောင်လုပ်ရမည်။
လူတိုင်းရဲ့ခေါင်းပေါ်မှာ ကောင်းကင်ရှိတယ်။
ကိုယ့်အားနည်းချက်ကို သိတတ်ခြင်းဟာ သိပ်ကောင်းတဲ့ အရည်အချင်းပါ။
အလွမ်းဆိုတာ ဘဝတက်လမ်းအတွက် ဆူးခလုတ်ပဲ။
သူများထက်ထူးချွန်လိုလျှင် သူများထက်ပို ကြိုးစားရမည်။
သူများထက်ပိုထူးချွန်လိုလျှင် အိပ်ချိန်၊ စားချိန်များကိုပင် အချိန်သိပ်မပေးရ။
မိတ်ဆွေများအပေါ်နှင့် လုပ်ငန်းကိစ္စပေါ်၌ စိတ်ဆိုးလွယ်၊ ဒေါသထွက်လွယ်သူသည် ကြီးပွားရေးနှင့်ဝေးတတ်သည်။
ယနေ့မှစ၍ ဘာပဲဖြစ်ဖြစ် ပျော်ပျော်ပဲနေမည်။
ဘာပြဿနာတွေ့တွေ့ ပျော်ပျော်ပဲ ရင်ဆိုင်မည်။
ဖြစ်လိုခြင်းထက် ဖြစ်သင့် ဖြစ်နိုင်တာကိုသာ ခံယူမည်။
အောင်မြင်မှုအတွက် အရင်းအနှီးဆိုတာပေးရမယ်၊ ရည်ရွယ်ချက်တခုအတွက် ပင်ပန်းမှုတော့ ရှိစမြဲပါ။
အနှောင့်အယှက်၊ အတိုက်အခံတွေကို မကြောက်စမ်းပါနဲ့၊ ဘဝရှိရင် ဒုက္ခရှိမယ်။
<< နောက်သို့ ဆက်ရန် >>
No comments:
Post a Comment