စိတ်ဓာတ်ခွန်အားဖြစ်စေသော စကားစုများ (၂)
သင့်ကြမ္မာ သင်ဖန်တီးခြင်းဖြင့် သင့်စိတ်ကို အဟာရကျွေးပါ။ (ဟာရိုးကွတ်ရှ်နာ)
သင်သည် အခိုက်အတန့်တိုင်းတွင် ရွေးချယ်မှုများ ပြုလုပ်နေ၏။ သင် အမှန်တကယ်လျှောက်လှမ်းချင်သည့် လမ်းကြောင်းပေါ်ရောက်အောင် သင့်ကိုသင် တည့်မတ်ပေးမည်လော၊ သို့မဟုတ် သင်ရွေးချယ်ထားသည့် လမ်းကြောင်းပေါ်မှ သွေဖည်သွားမည်လော။
ကျုပ်ရင်ထဲမှာ ဝမ်းမြောက်ဝမ်းသာဖြစ်မယ်၊ နောက်ပြီး ကျုပ်နှလုံးသားက တောင်းဆိုမယ်ဆိုရင် ကျုပ် ဘာကိုမဆို နေ့ရောညပါ ပြင်းပြင်းထန်ထန် ပြုလုပ်မှာပဲ။ (ရာ့ဖ်ဝေါလ်ဒို အင်မာဆန်)
မိမိဘဝတွင် ဖြစ်ပေါ်လာသောဖြစ်ရပ်တိုင်းသည် မိမိအား တစုံတရာ သင်ကြားပေလိုသောကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း သဘောပေါက်လာသူများ၏ဘဝသည် အကြီးအကျယ်ပြောင်းလဲသွားသည်။ မည်သို့ပင် မနှစ်မြို့ဖွယ်နှင့် စိန်ခေါ်ချက်ကြီးကြီးမားမား ဖြစ်နေစေကာမူ ၎င်းတို့ကို လက်သင့်ခံရမည်သာဖြစ်၏။
သင်၏စိတ်ရင်းမှန်ဖြင့် လောကတွင် ကျင်လည်နေထိုင်ချင်စိတ် အမှန်တကယ်ရှိသည်ဆိုလျှင် သင်ဖြစ်လိုသော လူမျိုးတစ်ယောက် ဖြစ်ထွန်းလာရေးအတွက် သင့်အားပေးဆက်လာသည့် သင်ခန်းစာများကို လိုလိုလားလား သင်ယူဆည်းပူးရမည်ဖြစ်သည်။
အတွေ့အကြုံကို တနည်းတဖုံ ရှု့မြင်သုံးသပ်တတ်သောအခါ ၎င်းအတွေ့အကြုံက စိတ်ပိုင်းဆိုင်ရာနယ်မြေသို့ ဝင်လို့ရသည့်လမ်းကြောင်းများကို ဖော်ထုတ်ညွှန်ပြလေသည်။
ရောက်အောင်မသွားနိုင်သရွေ့ ဝေးနေဦးမှာပဲ။
လောကကြီးက စောင့်နေတယ်၊ အသင့်ပြင်ထားပါ။
<< နောက်သို့ ဆက်ရန် >>
No comments:
Post a Comment