စိတ်ဓာတ်ခွန်အားဖြစ်စေသော စကားစုများ (၁)
ထွက်ပေါ်လာမည့် ရလာဒ်ကို စောင့်ဆိုင်းနေချိန်တွင် ခံနိုင်ရည်ရှိမှုကို ပြသခြင်းသည် စိတ်ရှည် သည်းခံခြင်းဖြစ်၏။ သင့်စိတ်ကို ပြုပြင်ပြောင်းလဲဖို့ ကြိုးစားအားထုတ်သည်နှင့် တပြိုင်နက် သင့်အား စိတ်ရှည်သည်းခံခြင်း သင်ခန်းစာ ပေးဆက်ပြီးဖြစ်၏။ သင်က အဖြေများ ချက်ချင်းလက်ငင်း ထွက်လာမည်ဟု မျှော်လင့်သည်။ သို့သော် သင်၏ ကနဦး အားထုတ်မှုများ အကြိမ်အနည်းငယ် မအောင်မမြင်ဖြစ်သောအခါ သင့်စိတ် ကတိ ကအောက် ဖြစ်တော့၏။
စိတ်ရှည်သည်းခံပါ၊ အိပ်ရာကနိုးထပြီး ရှေ့သို့ခရီးဆက်ရမည့်အချိန်ကို သင်သိလာပါလိမ့်မည်။ (ရမ်ဒါ့စ်)
အိပ်ရာမှ နိုးထသူများအတွက်သာ ထိုနေ့သည် နေ့သစ်ဖြစ်လာ၏။
လူ့ဘဝက ရှုပ်ထွေးပွေလီလှပါသည်။ ပြီးတော့ အဖြူရယ်၊ အမည်းရယ် မသဲကွဲသည့် မီးခိုးရောင် နယ်မြေတွေ ပြည့်လျှမ်းနေ၏။ သင်ကြုံရ ဆုံရသည့် အခြေအနေ အရပ်ရပ်တိုင်းက နှစ်ခုရှိသည့် အထဲက တခုကို ရွေးဖို့ သင့်အား ဇွတ်တောင်းဆိုနေပေမည်။
အမျက်ဒေါသတွေ၊ အပြစ်တင်စိတ်တွေ ရေရှည်အောင်းထားခြင်းဖြင့် အလွန်တန်ဖိုးရှိသော စိတ်အင်အားများကို ဘာကြောင့်ဖြုန်းတီးပစ်ချင်ရပါသလဲ။ ၎င်းစိတ်အင်အားများကို သည့်ထက် မြင့်မြတ်သော၊ သည့်ထက် အကျိုးရှိသော ကိစ္စများအတွက် အသုံးချလို့ရသည် မဟုတ်ပါလား။ အမျက်ဒေါသများ၊ အပြစ်တင်စိတ်များနှင့် မကျေချမ်းမှုများ ပြယ်ပျောက်စေသောအခါ သင်သည် ပြန်လည်တက်ကြွ အသက်ဝင်လာသည်။ သင့်စိတ် ဖွံ့ဖြိုး တိုးတက်ဖို့အတွက် ကွက်လပ်လေးတခု ဖော်ဆောင်ပေးလိုက်ရာ ရောက်၏။
တပါးသူများအား အပြစ်တွေဖို့လိုက်ခြင်းအားဖြင့် သင်က လူတော်လူကောင်းကြီး ဟူသော အတွေးဝင်စေသည်။ နောက်ပြီး သင့်အပေါ် အမှားပြုမိသူ တဦးတယောက်ကို သင်နှိမ့်နှိမ့်ချချ ကြည့်ခွင့်ရလာသည်။ ပြီးတော့ အငြိုးအတေးထားချင်လည်း ထားလို့ရ၏။
ကျွန်ုပ်မှာ စီးစရာ ဖိနပ်မရှိသဖြင့် တချိန်လုံး ငိုကြွေးနေခဲ့၏။ နောက်ဆုံးခြေထောက် နှစ်ခြောင်းစလုံး မရှိသူ တဦးကို တွေ့မှပဲ အငိုတိတ်တော့သည်။ (အမည်မသိ စာရေးဆရာ တဦး)
<< နောက်သို့ ဆက်ရန် >>
No comments:
Post a Comment